Xinhua Myanmar

သြစတြေးလျကြက်တောင်အိုးပင်းပြိုင်ပွဲ ပထမအဆင့်တွင် တရုတ်အသင်းမှ အနိုင်ရရှိသူများအနက် ထိပ်တန်းအဆင့်ကြက်တောင်အားကစားမယ် ကျာ နှင့် ကျန်း တို့ ပါဝင်

ဆစ်ဒနီ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
သြစတြေးလျကြက်တောင်အိုးပင်းပြိုင်ပွဲ၏ ဖွင့်ပွဲနေ့ဖြစ်သည့် ဇွန် ၉ ရက်၌ တရုတ်အသင်းမှ ထိပ်တန်းအဆင့်ကြက်တောင်အားကစားမယ် ကျာရိဖန်း နှင့် ကျန်းစူးရှန် တို့က ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ပြီး အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့ကြသည်။
မေလက စင်ကာပူအိုးပင်းပြိုင်ပွဲတွင် အမျိုးသမီးနှစ်ယောက်တွဲချန်ပီယံဖြစ်ခဲ့ကြသည့် ကျာနှင့် ကျန်း တို့က ဇွန် ၉ ရက် ညနေပိုင်းတွင် ဆစ်ဒနီမြို့ State Sports Centre ၌ ပွဲကစားချိန် ၂၂ မိနစ်အတွင်း သြစတြေးလျအသင်းမှ Sydney နှင့် Victoria Tjonadi တို့ကို ရမှတ် ၂၁-၇၊ ၂၁-၅ တို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
တရုတ်ထိုင်ပေမှ အဋ္ဌမအဆင့်ကြက်တောင်အားကစားမယ်များဖြစ်သည့် ယန်ကျင်သွန်းနှင့် ကျန်းကျင့်ဟွေ့ တို့ကို ရမှတ် ၂၁-၁၄၊ ၁၆-၂၁၊ ၂၁-၁၇ ဖြင့် အနိုင်ရခဲ့သော တစ်နယ်တည်းသား Wang Tingge နှင့် Luo Yi တို့ကလည်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ဒုတိယအဆင့်တွင် ကျာ နှင့် ကျန်းတို့နှင့်အတူ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၌မူ တရုတ်အသင်းမှ စတုတ္ထအဆင့်ကြက်တောင်အားကစားသမား ချန်ပေါယန်နှင့် လျိုရိတို့က တောင်ကိုရီးယားအသင်းမှ Kim Gi-jung နှင့် Kim Sa-rang တို့ကို ရမှတ် ၂၁-၁၄၊ ၂၁-၁၄ တို့ဖြင့် အနိုင်ယူကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဟွမ်သီ နှင့် လျိုယန်တို့ကလည်း စင်ကာပူအသင်းမှ Kubo Junsuke နှင့် Wesley Koh တို့ကို ရမှတ် ၂၁-၁၆၊ ၂၁-၁၇ တို့ဖြင့် အနိုင်ယူခဲ့သည်။
ပြိုင်ပွဲအဖွင့်နေ့က ရှုံးနိမ့်ခဲ့သော တရုတ်ကြက်တောင်အားကစားသမားများမှာ ပေါက်လီကျင့် နှင့် ချောင်ကျစ်ဟန် တို့သာဖြစ်ပြီး တရုတ်ထိုင်ပေမှ ဆဋ္ဌမအဆင့်ရှိ Hsu Ya-Ching နှင့် Sung Yu-Hsuan တို့ကို ကစားပွဲသုံးပွဲ၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပထမအဆင့်ကို ဇွန် ၁၀ ရက်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ကျားမနှစ်ယောက်တွဲနှင့် အမျိုးသားနှင့် အမျိုးသမီး တစ်ဦးချင်း ပထမအဆင့်များကိုလည်း စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
Top seeds Jia/Zhang among Chinese first round winners at Australian Badminton Open
SYDNEY, June 9 (Xinhua) — Chinese top seeds Jia Yifan and Zhang Shuxian advanced to the second round of the women’s doubles with a dominant win on the opening day of the Australian Badminton Open here on Tuesday.
Jia and Zhang, the women’s doubles champions at the Singapore Open in May, defeated Australian duo Sydney and Victoria Tjonadi 21-7, 21-5 in 22 minutes on Tuesday evening at Sydney’s State Sports Centre.
They will be joined in the second round of the women’s doubles draw by compatriots Wang Tingge and Luo Yi, who beat eighth seeds Yang Ching-Tun and Chang Ching-Hui of Chinese Taipei 21-14, 16-21, 21-17.
In the men’s doubles draw, Chinese fourth seeds Chen Boyang and Liu Yi advanced to the second round by defeating South Korea’s Kim Gi-jung and Kim Sa-rang 21-14, 21-14, while Huang Di and Liu Yang beat Singapore’s Kubo Junsuke and Wesley Koh 21-16, 21-17.
Bao Lijing and Cao Zihan were the only Chinese pairing to lose on the opening day of the tournament, falling to Chinese Taipei’s sixth seeds Hsu Ya-Ching and Sung Yu-Hsuan in three games.
The first round of the men’s and women’s doubles will continue on Wednesday, with the mixed doubles and men’s and women’s singles first rounds also getting underway. ■
English Caption
Jia Yifan (1st R) and Zhang Shuxian celebrate after winning the women’s doubles final against Liu Shengshu and Tan Ning at the 2026 Singapore Open on May 31, 2026. (Photo by Then Chih Wey/Xinhua)

မူရင်းသတင်း — Xinhua Myanmar