Myanmar Transparency News

 ၂၂ ဘီးယာဉ်အား အချိုရည်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မိမှုကြောင့် အမျိုးသား နှစ်ဦးသေဆုံးမှု ပဲခူး ၁၀ မိုင်ကုန်းတွင်ဖြစ်ပွား 

၁၁.၆.၂၀၂၆
Written by Linn Eain 

၂၂ ဘီးယာဉ်တစ်စီးအား အချိုရည်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မိမှုကြောင့် ယာဉ်မောင်းခန်းနေရာမှ အမျိုးသား နှစ်ဦးသေဆုံးမှု ပဲခူးမြို့နယ်၊ ၁၀ မိုင်ကုန်းအကျော်တွင် ယနေ့ ဇွန် ၁၁ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်၊ ၁၀ မိုင်ကုန်းအကျော်၊ ရန်ကုန်-ပဲခူးလမ်းမပေါ်တွင် NISSAN MITSUBISHI အပြာရောင် ၂၂ ဘီးယာဉ်အား  အချိုရည်များတင်လာသော Canter ခြောက်ဘီး ကုန်တင်ယာဉ်သည် နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Canter (၆)ဘီး ကုန်တင်ယာဉ်၏ ယာဉ်မောင်းခန်းအတွင်း ညပ်နေသည့် အမျိုးသားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးယန္တရားများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ထုတ်ရေးပြုလုပ်ခဲ့ကြောင်းနှင့် ကားခေါင်းခန်းအတွင်း သေဆုံးနေသည့် အမျိုးသား နှစ်ဦးကို မေတ္တာရွှေစင်ပရဟိတအသင်းက သူနာတင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News