Xinhua Myanmar

နှင်းတောင် တောင်ခြေမှ ဘောလုံးအားကစားအတန်းချိန်

လိကျန်း (ယူနန်)၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ ယွိလုန် နာ့ရှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပိုင်ရှားမြို့နယ် ပိုင်ဆားဝမ် မူလတန်းကျောင်းမှ ကျောင်းသားများသည် ဇွန် ၁၇ ရက်တွင် ယွိလုန်နှင်းတောင် တောင်ခြေရှိ ဘောလုံးကစားကွင်း၌ လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိသည်။ ဘောလုံးပေးခြင်း၊ ဘောလုံးသယ်ခြင်း၊ အုပ်စုခွဲ အတိုက်အခံကစားခြင်း … ကျောင်းသားများက ပြေးလွှားကာ အပြန်အလှန်လိုက်ရင်း ဘောလုံးအားကစားကြောင့် ပျော်ရွှင်မှုများကို အပြည့်အဝခံစားလျက်ရှိသည်။
ပိုင်ရှား‌မြို့နယ်၏ ဘောလုံးအားကစားသည် သမိုင်းကြောင်းကြာရှည်ပြီး အနှစ်သာရကြွယ်ဝပေသည်။ ၂၀၀၉ ခုနှစ်တွင် ယွိလုန်ခရိုင်က ပိုင်ရှားဝမ်မူလတန်းကျောင်း၌ ဘောလုံးလေ့ကျင့်ရေးစခန်းထားရှိ၍ ကျွမ်းကျင်နည်းပြဝန်ထမ်းများက ကျောင်းသားများအတွက် သိပ္ပံနည်းကျ၊ စည်းစနစ်ကျသော စနစ်တကျလေ့ကျင့်မှုများ လုပ်ဆောင်ပေးသည်။ နှစ်ပေါင်းများစွာကာလအတွင်း အဆိုပါကျောင်း၌ ပြည်နယ်အတွင်းအပြင် အဆင့်ဆင့်ဘောလုံးကလပ်များထံသို့ ဘောလုံးအားကစား လူရည်ချွန် ၄၃ ဦး ပျိုးထောင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ ယွိလုန် နာ့ရှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပိုင်ရှားမြို့နယ် ပိုင်ဆားဝမ် မူလတန်းကျောင်းမှ ကျောင်းသားများက ဘောလုံးအတန်းချိန် တက်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
雪山下的足球课堂
新华社照片,丽江(云南),2026年6月18日
6月17日,在云南省丽江市玉龙纳西族自治县白沙镇白沙完小学生们在玉龙雪山脚下的足球场上进行训练。传球、带球、射门、分组对抗……学生们奔跑追逐,尽情感受足球运动带来的快乐。
白沙镇足球运动历史悠久、底蕴深厚。2009年,玉龙县在白沙完小设立足球训练网点,由专业教练员为学生提供科学、规范的系统性训练。多年来,学校已累计向省内外各级俱乐部输送43名优秀足球人才。
图说1-6:白沙完小的学生在学校上足球课(6月17日摄,无人机照片)。 新华社记者 胡超 摄

မူရင်းသတင်း — Xinhua Myanmar