Myanmar Transparency News

အသက်၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မန်ကျည်းပင်တွင် ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ယနေ့ ဖြစ်ပွား

၂၀.၇.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ခရေလမ်းတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မန်ကျည်းပင်တွင် ကြိုးဆွဲချသေဆုံးမှု ဇွန်လ ၁၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ဆောင်ကူညီပေးသည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)၊ ပရဟိတ ပါရမီအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ကြိုးဆွဲချသေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ကိုပြည့်စုံအောင်ဖြစ်ပြီး နေအိမ်ရှေ့ရှိ မန်ကျည်းပင်တွင် ပုဆိုးကို အသုံးပြုကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်လေးက အိမ်ထောင်ရှိပါတယ်၊ ဘယ်လိုဖိအားတွေကြောင့် ကြိုးဆွဲချသွားလဲဆိုတာတော့ မသိပါဘူး”ဟု ပြည်မြို့ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)၊ ပရဟိတ ပါရမီအသင်းမှသွားရောက်သယ်​ဆောင်ကာ ပြည်ခုတင် ၅၀၀ ဆံ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News