Xinhua Myanmar

ဝမ်ရှင်းယွီက Bad Homburg အိုးပင်း ကွာတာဖိုင်နယ်သို့ တက်ရောက်

ဘာလင်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ Bad Homburg မြို့၌ ဇွန် ၂၃ ရက်က ကျင်းပသည့် WTA 500 Bad Homburg အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် တရုတ်နိုင်ငံမှ ဝမ်ရှင်းယွီက ကနေဒါနိုင်ငံမှ Leylah Fernandez ကို နိုင်ပွဲဆက်အနိုင်ရရှိပြီး ကွာတာဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်း သိရသည်။
ဝမ်က ပွဲကစားချိန် ၁ နာရီ ၃၃ မိနစ်အတွင်း Fernandez ကို ရမှတ် ၆-၃ နှင့် ၆-၄ ဖြင့် အနိုင်ရရှိပြီး ၎င်း၏ သက်တမ်းတစ်လျှောက် WTA 500 ကွာတားဖိုင်နယ်သို့ ဒုတိယအကြိမ်တက်ရောက်ခွင့်ရရှိစေခဲ့ခြင်းလည်း ဖြစ်သည်။
“ကျွန်မက မြက်ခင်းပြင်မှာ ကစားရတာကို ကြိုက်ပါတယ်၊ အထူးသဖြင့် ဂျာမနီမှာပေါ့။ မနှစ်ကလည်း ဘာလင်မှာ ကျွန်မ ရလဒ်ကောင်းတွေ ရရှိထားခဲ့ပါတယ်။ ဒီနေ့ရော မနေ့ကရော ကစားခဲ့တဲ့ ပွဲစဉ်တွေကို ကျွန်မတကယ်ပဲ ကျေနပ်အားရမိပါတယ်။ ကွင်းမှာ ကျွန်မကစားခဲ့တဲ့ အခြေအနေနဲ့ တက်ကြွထက်သန်မှုအပေါ် ကျွန်မအနေနဲ့ ကျေနပ်အားရမိတာပါ။ တကယ့်ပွဲစဉ်ကောင်းကို ကစားခဲ့ရတာလို့ ထင်ပါတယ်” ဟု ဝမ်က ပွဲစဉ်ပြီးနောက် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဇွန်၌ ဝမ်က WTA 500 ဘာလင် အိုးပင်းတင်းနစ်ပြိုင်ပွဲ ဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဝင်ဘယ်လ်ဒန်ချန်ပီယံဟောင်း Marketa Vondrousova နှင့် သုံးပွဲဆက်ပွဲကြပ်သည့် ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဒုတိယနေရာ ရရှိခဲ့သည်။ (Xinhua)


………………
(English Version)
Wang Xinyu advances to Bad Homburg Open quarterfinals
BERLIN, June 23 (Xinhua) — China’s Wang Xinyu advanced to the quarterfinals of the WTA 500 Bad Homburg Open after defeating Leylah Fernandez of Canada in straight sets in the second round on Tuesday.
Wang needed one hour and 33 minutes to dispatch Fernandez 6-3, 6-4, securing her second career appearance in a WTA 500 quarterfinal.
“I love playing on grass, especially in Germany. I’ve had a great result in Berlin last year. I’m really happy with the match I played today, as well as yesterday. I’m happy with the level that I played and the aggressiveness on the court. I think I played a really good match,” Wang said after the match.
Last June, Wang reached the final of the WTA 500 Berlin Open, where she finished runner-up after a hard-fought three-set battle against former Wimbledon champion Marketa Vondrousova. ■
English Caption 1
Wang Xinyu celebrates winning the women’s singles 3rd round match between Wang Xinyu of China and Linda Noskova of the Czech Republic at the Australian Open 2026 tennis tournament in Melbourne, Australia, Jan. 24, 2026. (Photo by Hu Jingchen/Xinhua)

မူရင်းသတင်း — Xinhua Myanmar