Xinhua Myanmar

ကမ္ဘာ့ဖလားပြိုင်ပွဲက နွေရာသီ ညစီးပွားရေးကဏ္ဍကို အားဖြည့်ပေး

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အမေရိကန်-ကနေဒါ-မက္ကဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း တရုတ်နိုင်ငံ မြို့အများအပြားတွင် ပြိုင်ပွဲကြည့်ရှုရန်နေရာများ ထားရှိခြင်း၊ ဘောလုံးကာနီဗယ်ပွဲတော်များ ကျင်းပခြင်း၊ ကမ္ဘာ့ဖလား အကြောင်းအရာဖြင့် အလှဆင်ခြင်းတို့ဖြင့် ဘောလုံးဝါသနာရှင်များအတွက် ကိုယ်တိုင်ပါဝင်နစ်မျောကာ ပြိုင်ပွဲကြည့်ရှုရန်နေရာနှင့် စိတ်ဝင်စားဖွယ် ကစားနည်းများကို ပံ့ပိုးပေးခဲ့သည်။ ဘောလုံးဝါသနာရှင်များက လူနေမှုဘဝအငွေ့အသက်နှင့် ကိုယ်တိုင်ပါဝင်ခံစားနိုင်သော လက်တွေ့လှုပ်ဆောင်မှုများဖြင့် ညစီးပွားရေးကဏ္ဍ၏ စားသုံးမှုရှင်သန်စွမ်းအား မြှင့်တင်ပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ နည်းပညာရင်ပြင်တွင်ကျင်းပသော ဘီယာကာနီဗယ်ပွဲတော် စားသောက်ဖွယ်ညဈေးအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်သည့်နိုင်ငံအလံများ တပ်ဆင်ထားပြီး မြို့သူ၊ မြို့သား၊ ခရီးသွားများက အဆိုပါညဈေး၌ ဝယ်ယူစားသုံးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ ချင်းယန်ခရိုင် စွန့်ချိန်လမ်းမထက်တွင် ဘောလုံးဝါသနာရှင်များက ညလယ်စာဆိုင်၌ ၂၀၂၆ ခုနှစ် အမေရိကန်-ကနေဒါ-မက္ကဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အား ကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


—————
(Chinese Version)
世界杯助力夏日夜经济

新华社照片,北京,2026年7月19日

2026年美加墨世界杯期间,不少城市设立观赛点、开办足球嘉年华、布置世界杯主题特色元素,为球迷提供沉浸式观赛场景和趣味互动玩法。球迷在烟火气和沉浸体验中,带动夜经济消费活力。

图说1:7月19日,球迷在河南洛阳西工区一家夜间酒吧观看2026美加墨世界杯足球赛铜牌决赛。新华社发(李卫超摄)

图说2:7月18日,浙江温州科技广场啤酒嘉年华美食市集挂满世界杯参赛国彩旗,市民游客穿梭其间,乐享夏日美食消费(无人机照片)。新华社发(刘吉利摄)

图说3:7月16日,在四川省成都市青羊区顺城大街,球迷在一美食街夜宵店观看2026美加墨世界杯足球赛半决赛。 新华社发(丁勇 摄)

မူရင်းသတင်း — Xinhua Myanmar