Eleven Media Group

စပါးအသင်းနဲ့ လမ်းခွဲတော့မယ့် အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို အင်တာမီလန်အသင်း ခေါ်ယူဖို့ကြိုးပမ်းနေ

Photo: X

အင်တာမီလန်အသင်းဟာ စပါးအသင်းနဲ့ လမ်းခွဲတော့မယ့် အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ရိုမဲရိုးဟာ စပါးအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ စပါးအသင်း နှစ်ရာသီဆက်တိုက် တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေကြောင့် လမ်းခွဲဖို့ လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရိုမဲရိုးကို ဘာစီလိုနာ၊ အက်သလက်တီကိုနဲ့ အင်တာမီလန်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘာစီလိုနာအသင်းကတော့ နောက်ခံလူတစ်ဦးဦး ထွက်ခွာမှသာ ရိုမဲရိုးကို ခေါ်ယူအစားထိုးလိုခြင်းဖြစ်ကြောင်း သိရပါတယ်။
ရိုမဲရိုး(၂၈ နှစ်)ဟာ စပါးအသင်းကို မရောက်ရှိခင်က ဂျီနိုအာ၊ အတ္တလန်တာအသင်းတွေနဲ့အတူ စီးရီးအေမှာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်တာကြောင့် အင်တာမီလန်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ စပါးအသင်းက ရိုမဲရိုးအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)အဖြစ် သတ်မှတ်ထားခြင်းကတော့ အင်တာမီလန်အသင်းအတွက် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group