Eleven Media Group

ရီးယဲလ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာကို ယူရိုသန်း(၄၀)နဲ့ ဖူလ်ဟမ်အသင်း သဘောတူညီမှုရရှိ

Photo: X

ဖူလ်ဟမ်အသင်းက ရီးယဲလ်အသင်းရဲ့ စပိန်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာကို ယူရိုသန်း(၄၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
ဂွန်ဇာလိုဂါစီယာ(၂၂ နှစ်)ဟာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၁)ပွဲကစားကာ (၁၃)ဂိုး သွင်းယူထားသူဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ စပိန်လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရသူပါ။
ဖူလ်ဟမ်အသင်းကို ရီးယဲလ်နည်းပြဟောင်း အာဘီလိုအာ ကိုင်တွယ်နေတာကြောင့် ဂွန်ဇာလိုဂါစီယာကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရီးယဲလ်နည်းပြ မော်ရင်ဟိုက ဂွန်ဇာလိုဂါစီယာကို အသင်းမှာ ဆက်ရှိစေလိုခဲ့ကြောင်း သိရပါတယ်။
ဖူလ်ဟမ်အသင်းက ဂွန်ဇာလိုဂါစီယာအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ပေးချေရမှာဖြစ်သလို၊ ပွဲအရေအတွက်အပေါ်မူတည်ပြီး Add-ons ကြေး ယူရို(၂)သန်း ထပ်ပေးရမယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားအသင်းထံ ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင် အကျိုးအမြတ်ရဲ့ (၃၀)ရာခိုင်နှုန်းကို ရီးယဲလ်အသင်းထံ ပေးအပ်ရမှာဖြစ်ကြောင်း သိရပါတယ်။
ဖူလ်ဟမ်အသင်းဟာ ရီးယဲလ်အသင်းက စပိန်ကွင်းလယ်ကစားသမား ဆီဆာပလာစီယို့စ်ကိုလည်း ယူရို(၁၀)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group