Eleven Media Group

မူအာနီကို ဂျူဗင်တပ်စ်အသင်း ယူရို(၃၈)သန်းနဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ်ချုပ်ဆို

Photo: X

ဂျူဗင်တပ်စ်အသင်းဟာ PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား မူအာနီကို ယူရို(၃၈)သန်းနဲ့ ခေါ်ယူပြီး ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
PSG အသင်းက မူအာနီကို ၂၀၂၃ နွေရာသီမှာ ဖရန့်ဖတ်အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ယူရို(၇၅)သန်း၊ Add-ons ကြေး ယူရို(၁၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ နည်းပြ အန်နရီကေးရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်ခြင်းမရှိတော့တာကြောင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မူအာနီက ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ဖူးသလို၊ ပြီးခဲဲ့တဲ့ရာသီမှာလည်း စပါးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
စပါးအသင်းမှာ ပြိုင်ပွဲစုံ(၄၁)ပွဲကစားပြီး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမဲ့ ဂျူဗင်တပ်စ်အသင်းမှာတော့ (၂၂)ပွဲကစားပြီး (၁၀)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းက အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နှစ်သင်းစလုံးက ပြောင်းရွှေ့ကြေးကို ဖော်ပြခဲ့ခြင်းမရှိပေမဲ့ မီဒီယာတွေကတော့ ကနဦးပြောင်းရွှေ့ကြေး ယူရို(၃၈)သန်းနဲ့ Add-ons ကြေး ယူရို(၁၂)သန်းဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
မူအာနီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ဟောင်ကောင်ကို သွားရောက်မယ့် ရာသီကြိုခြေစမ်းခရီးစဉ်မှာ လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group