Eleven Media Group

ဘောလုံးအားကစားကို ကာကွယ်ပေးခဲ့တဲ့အတွက် UEFA နဲ့ မဟာမိတ်အဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ရီးယဲလ်အသင်း ကြေညာချက်ထုတ်ပြန်

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းက ဘောလုံးအားကစားကို ကာကွယ်ပေးခဲ့တဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နဲ့ မဟာမိတ်အဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေ ရောင်းချဖို့ အဆိုပြုခဲ့တာကို UEFA၊ ကွန်ကာကပ်ဖ်နဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့က ကန့်ကွက်ခဲ့တာကြောင့် FIFAက အဆိုပြုမှုကို ရုပ်သိမ်းခဲ့ရပါတယ်။
ဒါကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
''အဆိုပြုမှုကို ရုပ်သိမ်းလိုက်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်က အလွန်အပြုသဘောဆောင်တယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ သတ်မှတ်ပါတယ်။ ဒါက ဘောလုံးအားကစားအတွက်၊ ဘောလုံးအဖွဲ့အစည်းတွေအတွက်နဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်တယ်လို့ ယူဆပါတယ်။ ဒီစီမံကိန်းကို ကန့်ကွက်ခဲ့ကြတဲ့ UEFA၊ မဟာမိတ်အဖွဲ့တွေနဲ့ ဘောလုံးအဖွဲ့ချုပ်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ စည်းလုံးမှုနဲ့ တာဝန်ယူမှုက အဆုံးအဖြတ်အချိန်ကာလမှာ ဘောလုံးအားကစားကို ကာကွယ်ပေးခဲ့တာပါ'' လို့ ရီးယဲလ်မက်ဒရစ်အသင်းက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
UEFA ကတော့ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုကို အယုံအကြည်မရှိတော့ကြောင်း အဆိုတင်သွင်းဖို့ စီစဉ်နေပြီး FIFA အဖွဲ့ဝင် (၄၃)နိုင်ငံရဲ့ ထောက်ခံမှုရရှိရင် ကွန်ဂရက်ခေါ်ယူကာ အဆိုတင်သွင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group