Eleven Media Group

အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို လီဗာပူးလ်အသင်း ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း သတင်းထွက်လာ

Photo: X

လီဗာပူးလ်အသင်းဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း မီဒီယာတချို့က ဖော်ပြနေကြပါတယ်။
အာနိုးလ်က လီဗာပူးလ်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နွေရာသီမှာ နှစ်(၂၀)ကျော်လက်တွဲခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲကာ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တာပါ။
ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပေမဲ့ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းမကုန်ခင် ရက်ပိုင်းအလိုမှာ ခေါ်ယူခဲ့ခြင်းဖြစ်တာကြောင့် ယူရို(၁၀)သန်းဝန်းကျင် ပေးခဲ့ရကြောင်း သိရပါတယ်။
အာနိုးလ်က ရီးယဲလ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး လာလီဂါ(၁၄)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သလို၊ ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။
ဒါဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးရာသီဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ရီးယဲလ်အသင်းက ဒီနွေရာသီမှာ အင်တာမီလန်က နယ်သာလန်ညာနောက်ခံလူ ဒမ်ဖရိုင်းစ်ကို ခေါ်ယူထားတာကြောင့် အာနိုးလ်အနေနဲ့ ပိုမိုရုန်းကန်ရဖွယ်ရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် အာနိုးလ်က အသင်းဟောင်းလီဗာပူးလ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း ဖော်ပြမှုတွေ ရှိလာခဲ့သလို၊ ညာနောက်ခံနေရာမှာ လိုအပ်ချက်ရှိနေတဲ့ လီဗာပူးလ်အသင်းကလည်း အာနိုးလ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group