
PSG အသင်းဟာ ပါးမားအသင်းက ဂျပန်လက်ရွေးစင်ဂိုးသမား ဆူဇူကီးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။
PSG အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အီတလီဂိုးသမား ဒွန်နာရမ်မာကို မန်စီးတီးအသင်းဆီ ရောင်းထုတ်ခဲ့ပြီး ပြင်သစ်ဂိုးသမား ချီဗာလီယာနဲ့ ရုရှားဂိုးသမား ဆာဖိုနော့ဗ်တို့ကို အလှည့်ကျအသုံးပြုခဲ့ပါတယ်။
လက်ရှိနွေရာသီမှာ ထိပ်တန်းဂိုးသမား ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဆူဇူကီးကို ယူရို(၃၃)သန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ဂျပန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ် ရပ်တည်နေတဲ့ ဆူဇူကီးကို ဂျူဗင်တပ်စ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ PSG အသင်းနဲ့အပြိုင် ငွေကြေးသုံးစွဲဖို့ အစီအစဉ်မရှိတာကြောင့် PSG အသင်းက အသာစီးရရှိနေကြောင်း သိရပါတယ်။
ဆူဇူကီး(၂၃ နှစ်)ကလည်း ထိပ်သီးကလပ်အသင်းဖြစ်တဲ့ PSG အသင်းမှာ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက ဆူဇူကီး ကို ရောက်ရှိသွားခဲ့ရင် PSG အသင်းက ဂိုးသမားတစ်ဦးဦးကို အငှားနဲ့ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။