
ချယ်လ်ဆီးနည်းပြ အလွန်ဆိုက ရီးယဲလ်အသင်းကို ကိုင်တွယ်စဉ် ရရှိခဲ့တဲ့အနာ ကျက်သွားပြီလို့ ပြောကြားခဲ့ပါတယ်။
အလွန်ဆိုက ပြီးခဲ့တဲ့နှစ် နွေရာသီမှာ လေဗာကူဆင်အသင်းနဲ့ လမ်းခွဲပြီး ရီးယဲလ်အသင်းကို (၃)နှစ်စာချုပ်နဲ့ ကိုင်တွယ်ခဲ့တာပါ။
ဒါပေမဲ့ ဗင်နီစီယပ်စ်အပါအဝင် စီနီယာကစားသမားတချို့နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဇန်နဝါရီလမှာ နှစ်ဖက်သဘောတူညီမှုနဲ့ လမ်းခွဲခဲ့ရပါတယ်။
ဒါကြောင့် အလွန်ဆိုက ရီးယဲလ်အသင်းမှာ အနာတရဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့တာပါ။
''ကံကောင်းတာကတော့ ကျွန်တော် အနာတရတွေ သိပ်မကြုံတွေ့ခဲ့ရတာပါပဲ။ ရီးယဲလ်မှာ ရရှိခဲ့တဲ့အနာကလည်း အခု ကျက်သွားပါပြီ။ ကျွန်တော် ရီးယဲလ်အသင်းကို စတင်ကိုင်တွယ်တုန်းကလို ဒီအသင်းနဲ့ ခြေလှမ်းသစ်စတင်ဖို့ စိတ်အားထက်သန်မှုအပြည့် ဖြစ်နေပါပြီ'' လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
အလွန်ဆိုက ချယ်လ်ဆီးအသင်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ ဟောင်ကောင်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။