Eleven Media Group

နယ်သာလန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဗန်ဟားလ် ဆန္ဒရှိနေ

Photo: X

နယ်သာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ဟာ နယ်သာလန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဗန်ဟားလ်က နယ်သာလန်အသင်းကို (၃)ကြိမ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
နယ်သာလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃၂)သင်းအဆင့်က ထွက်ခဲ့ရပြီးနောက် နည်းပြ ရော်နယ်လ်ကိုးမန်းနဲ့ လမ်းခွဲခဲ့တဲ့အတွက် နည်းပြလက်မဲ့ဖြစ်နေပါတယ်။
ဒါကြောင့် မန်စီးတီးနည်းပြဟောင်း ဂွါဒီယိုလာနဲ့ လီဗာပူးလ်နည်းပြဟောင်း အာနယ်ဆလော့တို့ကို ချဉ်းကပ်ခဲ့ပေမဲ့ နှစ်ဦးစလုံးက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ဒီအခြေအနေမှာ ဗန်ဟားလ်က အသင်းကို ပြန်လည်ကိုင်တွယ်လိုကြောင်း သတင်းထွက်လာခဲ့တာပါ။
ဗန်ဟားလ်ဟာ ဆီးကျိတ်ကင်ဆာရောဂါကို ကုသမှုခံယူခဲ့ရတာကြောင့် နည်းပြလောကကို ကျောခိုင်းခဲ့ခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် နယ်သာလန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ စဉ်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက်(၇၄)နှစ်ရှိပြီဖြစ်တဲ့ ဗန်ဟားလ်က ဥရောပထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ယူအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူပါ။

မူရင်းသတင်း — Eleven Media Group