Eleven Media Group

နိုင်ငံတော်သမ္မတထံသို့ UWSP ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လိှုင်ထံသို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့‌ကြောင်း သိရသည်။

ထိုသို‌တွေ့ဆုံစဉ် ယခုနိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကို ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့် အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်းအွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အပြီးတိုင်ချုပ်ငြိမ်းပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို (UWSP) “ဝ” အဖွဲအနေဖြင့်လည်း ဒေသအတွင်း အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ဖိဖိစီးစီးကြပ်မတ်နှိမ်နင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ “ဝ” ဒေသအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမိုဖွံဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရန်အတွက် နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

NSPNC နှင့် UWSP တိုသည် နေပြည်တော်၌ ဩဂုတ် ၃ ရက်မှ ၄ ရက်အထိ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group