


နေပြည်တော်၊ သြဂုတ် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ် အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာတည်ရှိ ပြီးဖြစ်သောချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများ ပြန်လည်စတင်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
#News #Myanmar