





မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီတွင်အဖြစ်များသော ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အား ယမန်နေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး အတွင်းရှိ စားသောက်ဆိုင်များ နှင့် ဆေးဝါးတက္ကသိုလ်အတွင်း ကွင်းဆင်း ဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက မြောက်ဥက္ကလာပသင်ကြားရေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ စားသောက်ဆိုင်များတွင် Checklist ဖြင့်စစ်ဆေးခြင်း၊ အစားအသောက်ကိုင်တွယ်သူများအား (၆)လ တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုခံယူရန် အသိပေးခြင်း၊ ရေသိုလှောင်ကန်များအား Super Chlorination နည်းဖြင့် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြား များဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးကြသည်။
ထို့အတူ ဆေးဝါးတက္ကသိုလ်အတွင်းရှိ ရေသိုလှောင်ကန်များ အား Super Chlorination နည်းဖြင့် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများဖြန့်ဝေခြင်း၊ အသုံးပြုပုံနည်းလမ်းများအား သင်ကြားပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိ ပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar