Popular Myanmar

ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသည့် ဗေဒါပင်များကိုရှင်းလင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို သြဂုတ် ၁၃ ရက်က ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်ဘက်မှ စီးဝင်လာသော ရေများ အဟန့်အတားမရှိ လွယ်ကူစွာစီးဆင်းလျော့ကျနိုင်ရေး၊ ရေလမ်းကြောင်းပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာကောင်း မွန်စေရေးနှင့် ဒေသခံများ ရေလမ်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတို့အတွက် ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပုံပိတ်ဆို့နေသော ဗေဒါပင်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar