Popular Myanmar

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၈

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ State Duma ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Popular Myanmar