Popular Myanmar

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ

ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။ ။ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော သန်းနှင့်ချီသည့်မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ မိသားစုဝင်များနှင့်ချစ်ခင်ရသူများထံ သို့ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သာစွာငွေလွှဲနိုင်မည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို True Money နှင့် KBZPayတို့ပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဤဝန်ဆောင်မှုမှတစ်ဆင့်သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ True Money Wallet မှ မြန်မာနိုင်ငံရှိ KBZ Pay အကောင့်များ သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။ဤပူးပေါင်းဆောင်ရွက်မှုသည် လက်ခံသူများထံသို့ ငွေကြေးများကို လုံခြုံစွာ၊ အဆင်ပြေစွာနှင့် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။ အဆိုပါ ငွေလွှဲဝန်ဆောင်မှုကို အရှေ့တောင်အာရှ၏ ထိပ်တန်း Fin-Tech ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် True Money နှင့်မြန်မာနိုင်ငံမှ အသုံးအများဆုံး mobile wallet ဖြစ်သည့် KBZ Pay နှင့်ပူးပေါင်းကာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ထိုင်းမှမြန်မာသို့ငွှေလွှဲပြောင်းမှုများကို ပိုမိုလုံခြုံစိတ်ချရပြီး၊ လွယ်ကူမြန်ဆန်ကာ အဆင်ပြေစေရန်ရည်ရွယ်ထားသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့်အလွတ်သဘောငွေလွှဲလမ်းကြောင်းများကို အသုံးပြုရာတွင် ငွေလွှဲခမြင့်မားခြင်း၊ ငွေကြေးဆိုင်ရာအန္တရာယ်များနှင့် ငွေလွှဲရာတွင် ကြန့်ကြာမှုများကို ရင်ဆိုင်ကြရလေ့ရှိပါသည်။ ၎င်းတို့၏ ငွေလွှဲပို့မှုတိုင်းသည် မိသားစုများ၏ နေ့စဉ်စားဝတ်နေရေး၊ ပညာရေးနှင့်ကျန်းမာရေးစရိတ်များအတွက် တိုက်ရိုက်အထောက်အကူပြုနေသည့်အတွက် လုံခြုံစိတ်ချရသောတရားဝင်ငွေလွှဲလမ်းကြောင်းရှိခြင်းက အလွန်အရေးပါလာခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအသီးသီးရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှလွှဲပြောင်းခဲ့သော ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၏ ၃.၅ ဘီလီယံဒေါ်လာထက် သိသိသာသာတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှကာရွှေ့ပြောင်းလုပ်သားများ၏ ငွေလွှဲပို့မှုသည် မိသားစုများ၏ စားဝတ်နေရေးကိုအထောက်အပံ့ပေးရုံသာမက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအရေးပါသော မောင်းနှင်အား တစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့်ယုံကြည်စိတ်ချရသော တရားဝင်ငွေလွှဲဝန်ဆောင်မှုများ ပိုမိုအသုံးပြုလာနိုင်ခြင်းသည်ငွေလွှဲပို့သူနှင့် လက်ခံသူ နှစ်ဖက်စလုံးအတွက် ငွေကြေးဆုံးရှုံးမှုအန္တရာယ်များကိုလျှော့ချကာကွယ်ပေးကာ ယုံကြည်စိတ်ချရသော ငွေလွှဲပြောင်းမှုကို ရရှိနိုင်သကဲ့သို့လူမှုအသိုက်အဝန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှပံ့ပိုးပေးလျက်ရှိသည်။ True Money President ဖြစ်သူ Mr. Tanyapong Thamavaranukupt မှ “True Money ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်းအတွက်လုံခြုံစိတ်ချရပြီး လက်လှမ်းမီနိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဖန်တီးပေးဖို့ဖြစ်ပါတယ်။ KBZ Pay ရဲ့ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တို့နဲ့ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားသန်းပေါင်းများစွာအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကိုအလွယ်ကူအဆင်ပြေဆုံး ဖြစ်အောင် ဖန်တီးပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကိုပြလိုက်တာလည်းဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။ True Money Myanmar ၏ Country Managing Director ဖြစ်သူ ဦးထွန်းထွန်းလင်း မှ “နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့်ရွှေ့ပြောင်းလုပ်သားတွေအတွက်ငွေလွှဲပို့မှုဆိုတာ မိသားစုတွေနဲ့ ချိတ်ဆက်ပေးတဲ့ အရေးကြီးတဲ့ ပေါင်းကူးတံတားတစ်ခုဖြစ်ပါတယ်။ True Money က လက်ရှိမှာ ထိုင်းနိုင်ငံတစ်ဝန်း အသုံးပြုသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီးမြန်မာနိုင်ငံတစ်ဝန်းမှာလည်း အေးဂျင့် ၃၀,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။အလားတူ KBZ Pay ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေထဲကတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုကနေ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့TrueMoneyWallet ကိုသုံးပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေက KBZ Pay ကနေပဲဖြစ်ဖြစ်၊ KBZ ဘဏ်မှာပဲဖြစ်ဖြစ် ရယူလိုက်ရုံပဲဖြစ်တဲ့အတွက် တကယ်ကိုလွယ်လွယ်ကူကူနဲ့ လျင်မြန်စိတ်ချစွာ ငွှေလွှဲလို့ရသွားပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven ဆိုင်ပေါင်း (၁၄,၀၀၀) ကျော်တွင်လည်း ငွေလွှဲပို့လိုသူများအနေဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး ငွေဖြည့်ဝန်ဆောင်မှုကိုလွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးဇော်လင်းအောင် မှ “KBZ ဘဏ်အနေနဲ့ ထိုင်းနိုင်ငံက True Money နဲ့ အခုလိုပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကိုပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက်ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် မိသားစုများအကြားလူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% financial inclusion) ကိုမြှင့်တင်ဖို့နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများပိုမိုတိုးတက်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ True Money သည်မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသောဒစ်ဂျစ်တယ်ငွေလွှဲနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာရရှိနိုင်စေရန် ၎င်း၏ နိုင်ငံတကာဝန်ဆောင်မှု တိုးချဲ့ရေးမဟာဗျူဟာ၏တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြားနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှား၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပါအဝင် အခြားနိုင်ငံများတွင်လည်းယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြီး True Money Myanmar အကြောင်းTrueMoney Myanmar Co., Ltd. သည် Ascend Money ၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ ထိပ်တန်း Fin-Tech ပလက်ဖောင်းတစ်ခုဖြစ်ကာထိုင်းနိုင်ငံတွင် အဆင့်သတ်မှက်ချက် အမြင့်ဆုံးရရှိထားသည့် Digital Wallet တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ပြီးမြန်မာနိုင်ငံတစ်ဝန်းရှိပြည်သူများအတွက် ကိုယ်စားလှယ် (Agent) ၃၀,၀၀၀ ကျော်ဖြင့် လွယ်ကူလုံခြုံစိတ်ချရသောဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ ထို့အတူ ဘဏ္ဍာရေးဝန်ဆောင်မှုများကိုလူတိုင်းအတွက် ပိုမိုလက်လှမ်းမီစေရန် ရည်မှန်းချက်ဖြင့် True Money Myanmar သည်နည်းပညာ၊ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့် ကျယ်ပြန့်သောဝန်ဆောင်မှုကွန်ရက်တို့ကို အခြေခံ၍ ပြည်သူများ၊ မိသားစုများနှင့်လူမှုအသိုင်းအဝိုင်းများအတွက် ပိုမိုချိတ်ဆက်မှုရှိပြီး အားလုံးပါဝင်နိုင်သော(Inclusive) ဒစ်ဂျစ်တယ်ဘဏ္ဍာရေးစနစ်ကို တည်ဆောက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ True Money Myanmar Official Website: https://truemoney.com.mm/ True Money Myanmar Official Facebook: https://www.facebook.com/truemoneymyanmar ကမ္ဘောဇဘဏ် အကြောင်း ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကပိုင်ဘဏ်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ဘဏ်ခွဲပေါင်း ၅၀၀ ကျော်ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကမ္ဘောဇဘဏ်သည် ဘဏ်လုပ်ငန်းစနစ်မှတစ်ဆင့်မြန်မာနိုင်ငံသားများ၏ လူနေမှုဘဝ အရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် ဟူသောကတိကဝတ်နှင့်အတူ လူတိုင်းပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖော်ဆောင်နိုင်ရန် ရည်မှန်းကာဝန်ဆောင်မှုများကို အဓိကထား၍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်လျက်ရှိပြီးမြန်မာပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ဆန်းသစ်တီထွင်ထားသည့်ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများအနက်မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသော Mobile Walletဝန်ဆောင်မှုတစ်ခုဖြစ်သည့် KBZ Pay မှတစ်ဆင့် ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲများအပြင်ပိုမိုကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းများအထိ ရောက်ရှိစေခဲ့ပါသည်။ ကမ္ဘောဇဘဏ်၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက KBZ Bank တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ မီဒီယာများ ဆက်သွယ်ရန် – True Money Myanmar: Ms. Phyu Thwe Hnin – phyuthwe.hnin@ascendcorp.com KB

Z Bank/KBZ Pay Press Office: pressoffice@kbzbank.com

Press Release

Myanmar Workers in Thailand Can Now Send Money Home More Securely, Affordably and Conveniently with True Money Wallet

YANGON, MYANMAR, 18 August 2026 – Millions of Myanmar migrant workers in Thailand will now have greater access to a convenient, secure and affordable way to send money home following the launch of a new cross-border remittance service jointly introduced by True Money and KBZ Pay. The new service enables customers to transfer funds directly from their True Money Wallet in Thailand to a KBZ Pay account or KBZ Bank account in Myanmar, providing a seamless digital channel for cross-border money transfers and enabling recipients to access funds in real time. The partnership brings together True Money, Southeast Asia’s leading fintech and digital payment platform, and KBZ Pay, one of Myanmar’s most widely used mobile wallets. By connecting their digital payment ecosystems, the two companies aim to strengthen cross-border financial connectivity and provide Myanmar migrant workers with a faster, more secure and accessible way to support their families back home. Myanmar migrant

workers often face high fees, financial risks, and delays through informal remittance channels. Because these funds directly support their families’ daily expenses, education, and healthcare, access to secure, reliable, and convenient formal remittance channel has become increasingly important .In 2025, remittances sent by Myanmar migrant workers across different countries reached approximately US$5.6billion, representing a significant increase from US$3.5 billion in 2023. This amount was equivalent to approximately 4% of Myanmar’s Gross Domestic Product(GDP), highlighting the important role migrant remittances play not only in supporting families’ livelihoods, but also in contributing to the country’s broader socio-economic development. Greater access to trusted and formal remittance services can help reduce the risk of financial loss for both sender sand recipients, while providing a more secure and reliable way to transfer money and supporting the long-term development of communities. Mr. Tanyapong Thamavaranukupt, President of True Money, said, “True Money’s vision is to provide secure and accessible financial services for everyone. Our partnership with KBZ Pay, supported by its extensive service network, reflects our commitment to making cross-border payments simpler, more convenient and more accessible for the millions of Myanmar nationals living and working abroad. ”U Tun Tun Linn, Country Managing Director of True Money Myanmar, said, “For Myanmar people living abroad, particularly migrant workers, remittances serve as a connecting bridge and as an important financial link to their families and communities back home. True Money currently serves more than30 million users in Thailand and has a network of over 30,000 agents across Myanmar while KBZ Pay is the most widely used mobile wallet in Myanmar. Through this partnership, Myanmar migrant workers in Thailand can use their True Money Wallet to send money directly to their families in Myanmar, who can receive the funds through KBZ Pay or withdraw them through KBZ Bank. This provides a more convenient, faster and secure way to send and receive money across borders.” In addition, customers can conveniently top

up their True Money Wallets at more than 14,000 7-Eleven stores across Thailand. The top-up service is available 24 hours a day, seven days a week, providing customers with greater convenience and flexibility when sending money home. U Zaw Lin Aung, Chief Executive Officer of KBZ Bank, stated, “We are pleased to partner with True Money to further strengthen cross-border digital financial connectivity between Thailand and Myanmar. This collaboration reflects KBZ Bank’s continued commitment to delivering secure, convenient, and accessible financial solutions that support the everyday needs of all Myanmar people, especially enhancing connectedness between migrant workers and their friend sand families. Through the direct integration between True Money Wallet, KBZ Pay, and KBZ Bank accounts, users will be able to transfer funds more seamlessly and efficiently across borders, helping families stay connected and financially supported. We believe this partnership is another meaningful step in achieving100% financial inclusion in Myanmar and enhancing regional payment connectivity.”As part of its international expansion strategy, True Money

plans to further strengthen its partnerships with established financial institutions in markets with significant Myanmar migrant worker populations, including Malaysia, Japan and South Korea. These partnerships will support the expansion of secure and accessible digital remittance services, enabling Myanmar migrant workers to transfer money home through convenient, reliable and easy-to-use financial channels across key international markets. END About True Money Myanmar True Money Myanmar Co., Ltd. is a member company of Ascend Money, one of Southeast Asia’s leading fintech platforms and a leading digital wallet provider in Thailand. Established in Myanmar in 2014, True Money Myanmar provides accessible, secure and reliable digital financial services across the country through a network of more than 30,000 agents. With a commitment to expanding access to financial services, True Money Myanmar leverages technology, strategic partnerships and its extensive service network to support the development of a more connected and inclusive digital financial ecosystem for individuals, families and communities. True Money Myanmar Official Website: https://truemoney.com.mm/ True Money Myanmar Official Facebook:https://www.facebook.com/truemoneymyanmar About KBZ Bank and KBZ Pay KBZ Bank is Myanmar’s largest privately-owned bank, serving customers through a nationwide network of nearly 500 branches. With a commitment to improving the quality of life of the Myanmar people through banking services, KBZ Bank continuously strives to enhance its services with the goal of building a fully inclusive financial system accessible to everyone. KBZ Bank is leading the development of Myanmar’s digital economy by offering innovative financial products and services tailored to the needs of its customers. Through KBZ Pay, Myanmar’s fastest-growing mobile wallet with 22million users, KBZ Bank has extended banking services beyond branches to reach wider communities across the country. To learn more about KBZ Bank’s products and services, please visit KBZ Bank website. Media Contact – True Money Myanmar: Ms. Phyu Thwe Hnin -phyuthwe.hnin@ascendcorp.com KBZ Bank/KBZ Pay Press Office: pressoffice@kbzbank.com

မူရင်းသတင်း — Popular Myanmar