Myanmar National Post

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၁၄

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး သည် ဘယ်လာရုစ်သမ္မတ နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များ၏ ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားယုံကြည်နားလည်မှု၊ လေးစားမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ လွှတ်တော်နှစ်ရပ်အကြား နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌနှင့် အတွင်း ရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


#Myanmar #News 

မူရင်းသတင်း — Myanmar National Post