


ပခုက္ကူ၊ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဓမ္မဗိမာန်တပ်ဦးကျောင်းရှိ သက်တော်ရှည်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ ဓမ္မဗိမာန်တပ်ဦးကျောင်းရှိ သက်တော်(၁၀၄)နှစ်ပြည့် ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ မဟာထေရ် အရှင်သူမြတ်နှင့်ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်ထံမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့်အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး ပခုက္ကူမြို့၊ တိလောကရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar