Popular Myanmar

ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု သြဂုတ် ၁၅ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။

မန္တလေးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ ည ၁၁ နာရီ ၁၉ မိနစ် ၇ စက္ကန့်က မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်သည် ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar