Popular Myanmar

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ အလှူရှင်များက ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအတွက် ဆန်နှင့် စားဆီများပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေသော ရေ ကြီးရေလျှံမှုဖြစ်စဥ်များကြောင့် ရေဘေးသင့်နေသူများအတွက် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆန်နှင့် စားသုံးဆီများကိုပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များက ဆန်အိတ်(၂၇၅)အိတ်၊ PRO-1 Global Home Center ကုမ္ပဏီမှ ဆန်အိတ်(၁၀၀)၊Yangon Crown ကုမ္ပဏီမှ ဆန်အိတ်(၁၀၀)၊ Ruby Empress ကုမ္ပဏီမှ ဆန်အိတ်(၂၅)အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် Aung Oo Thar ကုမ္ပဏီလီမိတက်နှင့် GD Good Golden ထရေးဒင်း ကုမ္ပဏီလီမိတက်၏ ဧရာဝ တီတိုင်းအရောင်းကိုယ်စားလှယ်များက စားအုန်းဆီ (၅၀)ကျပ်သား(၅,၀၀၀)ဗူး၊ Than Thar ကုမ္ပဏီလီမိတက်မှ စားအုန်းဆီ(၅၀)ကျပ်သား(၄,၅၀၀)ဗူးတို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar