Popular Myanmar

သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များအား ပူးပေါင်းတိုက်ဖျက်ရေးဆွေးနွေး

နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်နှင့် နီကာရာဂွါနိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရေးရာကောင်စီ၏ Media Coordinator ဖြစ်သူ Mr. Daniel Edmundo Ortega Murillo တို့ သြဂုတ် ၁၄ ရက်နံနက်ပိုင်းက တွေ့ ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အ လက်များအားပူးပေါင်းတို-က်ဖျ-က်ရေး၊ မှတ်တမ်းရုပ်ရှင်များ၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ရုပ်သံအစီအစဉ်များအပြန်အလှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူများကြား အတွေ့အကြုံဖလှယ်ရေး၊ နှစ်နိုင်ငံမီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မူရင်းသတင်း — Popular Myanmar