Popular Myanmar

ရွှေတောင်မြို့နယ်၌ ယာယီကယ်ဆယ်ရေးစခန်း(၆)ခုတွင် ရေဘေးသင့်သူ(၇၆၉)ဦးခိုလှုံနေထိုင်လျက်ရှိ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်ကာ ရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

လက်ရှိအချိန်၌ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ချမ်းသာကြီးဘုရား၊ သရက်တောရပ်ကွက်၊ ရွှေဂူကြီးဘုရားဝင်း၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်၊ မင်းတဲကျွန်းအုပ်စု၊ လေးဆူဘုရားဝင်းတို့တွင် ယာယီကယ်ဆယ်ရေးစခန်း(၆)ခုကိုဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုတွင် အိမ်ထောင်စု(၁၉၈)စုမှ ရေဘေးသင့်သူ(၇၆၉)ဦးခိုလှုံနေထိုင်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက သောက်သုံးရေနှင့် ထမင်းဘူးများ၊ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar