မကွေးတိုင်းရှိ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ယနေ့ သြဂုတ် ၁၆ ရက်မွန်းတည့်ပိုင်းတွင် ပြန်လည်ကျဆင်းလာခဲ့သော် လည်း မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အနိမ့်ပိုင်းရပ် ကွက်များမှနေအိမ်များအတွင်း၌ မြစ်ရေဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက် (၂,၁၁၅)စင်တီမီတာတွင်ရောက်ရှိနေသော်လည်း ရေဘေးသင့်သူများမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၈)ခုတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။