Popular Myanmar

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar