ဝိုင်းမော်၊ သြဂုတ်-၁၇
ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ဩဂုတ် ၁၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
လမင်းစီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အဆိုပါ အထက်တန်းကျောင်းအပါအဝင် အခြေခံပညာ မူလတန်းလွန်ကျောင်း (၇) ကျောင်းတို့အတွက် နေ့ချင်းအပြီးဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀၀)ကျော်နှင့် UID ကတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးတို့က ကျောင်းသား/ကျောင်းသူများထံလည်းကောင်း၊ ကျောင်းအုပ်များထံ လည်းကောင်း လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခန်းမအတွင်း ကျောင်းသား/ ကျောင်းသူအား မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် အရာထမ်း/ အမှုထမ်းဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းတို့အား One Stop Service ဖြင့် ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။