Popular Myanmar

ပဲခူးမြို့နယ်မြေနိမ့်ပိုင်းနေထိုင်သူများအတွက်  ရေကြီးခြင်းသတိပေးချက် မိုးဇလထုတ်ပြန်

ပဲခူး၊ သြဂုတ် ၁၇

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းတိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုတွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုးဇလ) က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ မြစ်ရေသည် နောက်၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Popular Myanmar