Popular Myanmar

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

မူရင်းသတင်း — Popular Myanmar