Myanmar National Post

အိပ်မက်သေးသေးလေးတွေနဲ့ သွားနေတဲ့ နိုင်ငံမဟုတ်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီပြော






ဩဂုတ် - ၁၇ ( တနင်္လာနေ့ ) 

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ (၈၀) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက စနေနေ့တုန်းက နိုင်ငံရဲ့ အောင်မြင်မှုတွေနဲ့ အနာဂတ် တိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်မယ့် ကိစ္စရပ်တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေလီမြို့ရဲ့ ထင်ရှားလှတဲ့ ရဲတိုက်နီ  မှာ အိန္ဒိယ အမျိုးသားအလံကို လွှင့်တင်အပြီး မိန့်ခွန်းပြောကြားရာမှာ မိုဒီက အိန္ဒိယဟာ ၂၀၁၃ ခုနှစ်တုန်းက 'Fragile Five' (စီးပွားရေး ထိခိုက်လွယ်တဲ့ ၅ နိုင်ငံ) စာရင်းဝင်ဘဝကနေ အခုဆိုရင် ဒေါ်လာ ၄.၁၅ ထရီလီယံတန်ဖိုးရှိတဲ့ စီးပွားရေးအဆောက်အအုံနဲ့  လျှင်မြန်စွာ တိုးတက်နေတဲ့ အဓိကနိုင်ငံကြီးတစ်ခု ဖြစ်လာခဲ့ပြီလို့ ထည့်သွင်းပြောကြားခဲ့ပြီး ကမ္ဘာ့အလယ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံလေးစားရတဲ့ နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာနေပြီလို့ ပြောခဲ့ပါတယ်။

'Fragile Five' ဆိုတာကတော့ အမျိုးအမည် မသိနိုင်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြီးမားတဲ့ လှည့်ပတ်ငွေ လိုငွေပြမှုတွေအပေါ် အလွန်အမင်း မှီခိုပြီး စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ခဲ့ရတဲ့ တူရကီ၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

"တို့နိုင်ငံဟာ အိမ်မက်သေးသေးလေးတွေနဲ့ ရှေ့ဆက်သွားတော့မှာ မဟုတ်ပါဘူး" လို့ မိုဒီက ပြောခဲ့ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တာဟာ "အိပ်မက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေရဲ့ အင်အား" ကြောင့် ဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ဗာရတီယာ ဂျာနာတာ ပါတီ (BJP) အာဏာရလာခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ အောင်မြင်မှုတွေကို ထုတ်ဖော်ပြောကြားရာမှာ မိုဒီက နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုဟာ ၄ ဆ တိုးတက်လာခဲ့သလို အီလက်ထရွန်နစ် ထုတ်လုပ်မှုက ၇ ဆနဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကတော့ အဆ ၁၀၀ ထိ တိုးတက်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မိုဒီက သူ့ရဲ့ 'Make-in-India' စီမံကိန်း အောင်မြင်မှုကို ထောက်ပြခဲ့ပြီး တိုင်းပြည်မှာ တည်ဆောက်ပြီးစီးသွားတဲ့ ချစ်ပ်ပြား  စက်ရုံ ၃ ရုံအပြင် နောက်ထပ် ၈ ရုံ ထပ်မံတိုးချဲ့သွားမယ့် အစီအစဉ်ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ "ချစ်ပ်ပြားတွေဆိုတာ မရှိမဖြစ်ပါပဲ၊ သူတို့သာ မရှိရင် တစ်ကမ္ဘာလုံး ရပ်တန့်သွားပါလိမ့်မယ်" လို့ မိုဒီက ပြောခဲ့ပြီး အိန္ဒိယနိုင်ငံဟာ ဒေတာစင်တာတွေရဲ့ ဉာဏ်ရည်တု (AI) ခေတ်စားလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ချစ်ပ်ပြား ဝယ်လိုအားကို အကျိုးအမြတ် ထုတ်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုဆောင်ရွက်တာဟာ စွမ်းအင်လုံခြုံရေး တောင်းဆိုချက်တွေကို မြင့်တက်စေတယ်ဆိုတာကို မိုဒီက ဝန်ခံခဲ့ပြီး ဒီတောင်အာရှနိုင်ငံအနေနဲ့ "အလွန်ကြီးမားတဲ့ ပမာဏ" ရှိတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယခေါင်းဆောင်က ၂၀၄ logic/2047 ခုနှစ်အရောက်မှာ နျူကလီးယားစွမ်းအင် ပမာဏ ဂစ်ဂါဝပ် (GW) ၁၀၀ အထိ ရရှိဖို့ နိုင်ငံရဲ့ ပန်းတိုင်ကို ပြန်လည်အတည်ပြုခဲ့သလို ပြည်ပက တင်သွင်းနေရပြီး အမျိုးသားစီးပွားရေးကို ပြင်ပရိုက်ခတ်မှုတွေ ကြောင့် ထိခိုက်လွယ်စေတဲ့ စွမ်းအင်တွေနေရာမှာ အစားထိုးနိုင်ဖို့ ပင်လယ်ပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။

နယူးဒေလီဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ SHANTI အက်ဥပဒေ (အိန္ဒိယရဲ့ နျူကလီးယားစွမ်းအင် ကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ရေရှည်တည်တံ့တိုးတက်စေရေး အက်ဥပဒေ) ကို အတည်ပြုခဲ့ပြီး၊ ဒါဟာ အိန္ဒိယရဲ့ နျူကလီးယား မူဘောင်ကို ခေတ်မီစေကာ ယခင်က လိုအပ်နေခဲ့တဲ့ ပြင်ပ ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်ခွင့်တွေကို လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံဟာ နေရာ ၇ နေရာမှာ စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၈.၇၈ GW ရှိတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ  ၂၄ ခုကို လည်ပတ်နေတာပါ။ ဒီထဲမှာ ရုရှားက တည်ဆောက်ပေးထားပြီး စုစုပေါင်း လျာထားချက် မီဂါဝပ် ၆,၀၀၀ ထွက်ရှိမယ့် VVER-1000 reactor ၆ ခု ပါဝင်မယ့် ကူဒမ်ကူလမ် စက်ရုံလည်း အပါအဝင် ဖြစ်ပါတယ်။ အမှတ် ၁ နဲ့ ၂ တို့ကို ၂၀၁၃ နဲ့ ၂၀၁၆ တို့မှာ အမျိုးသား ဓာတ်အားလိုင်းဆီ ချိတ်ဆက်နိုင်ခဲ့ပြီး အမှတ် ၃၊ ၄၊ ၅ နဲ့ ၆ တို့ကတော့ မတူညီတဲ့ တည်ဆောက်ရေး အဆင့်အသီးသီးမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post