Myanmar National Post

ကင်ညာမှာ ဗြိတိသျှတပ်တွေကို ဆက်မထားဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်


ဩဂုတ် - ၁၇ ( တနင်္လာနေ့ ) 

ကင်ညာနိုင်ငံမှာရှိတဲ့ ဗြိတိန်စစ်သားတွေရဲ့ မတရားပြုကျင့်မှု ခံခဲ့ရတယ်ဆိုသူတွေဟာ ကျန်ရှိနေသေးတဲ့ အမှုအခင်းတွေကို မဖြေရှင်းပေးသရွေ့ ဗြိတိန်နဲ့ စစ်ရေးသဘောတူညီချက် သက်တမ်းတိုးတာကို တားဆီးပိတ်ပင် ဖို့ ကင်ညာလွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။

ဒုက္ခသည်တွေ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ အလုပ်သမားတွေနဲ့ ဒေသခံတွေဟာ ဗုဒ္ဓဟူးနေ့က နိုရိုဘီမြို့မှာ ဆန္ဒပြချီတက်ခဲ့ကြပြီး အမျိုးသားလွှတ်တော်ဆီ အသနားခံစာ တင်သွင်းခဲ့ကြတာပါ။ စစ်ရေးသဘောတူညီချက်ကို အတည်မပြုမီ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ လွှတ်တော်စုံစမ်းစစ်ဆေးရေးရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ပေးဖို့ လွှတ်တော်အမတ်တွေကို တောင်းဆိုထားကြပြီး၊ အဲဒီထဲမှာ ဗြိတိန်စစ်တပ်ကို ပြစ်မှုတွေအတွက် တာဝန်ယူမှုရှိစေဖို့၊ ဒုက္ခသည်တွေကို ဥပဒေကြောင်းအရ ကူညီမှုပေးဖို့နဲ့ ကလေးသူငယ် ထောက်ပံ့ရေး တာဝန်တွေကို အကောင်အထည်ဖော်ဆောင်ပေးဖို့ ပါဝင်ပါတယ်။

လက်ရှိ လွှတ်တော်မှာ ရောက်ရှိနေတဲ့ ဒီသဘောတူညီချက်ကို ကုစားဖြေရှင်းပေးမှုမရှိဘဲ သက်တမ်းတိုးပေးတာ ဟာ ဒုက္ခသည်တွေအပေါ် "ကြီးမားတဲ့ မတရားမှု" ပြုလုပ်တာဖြစ်တယ်လို့ Local daily The Standard သတင်းစာက အသနားခံစာကို ကိုးကားပြီး ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ကင်ညာနိုင်ငံရှိ ဗြိတိန်စစ်တပ် လေ့ကျင့်ရေးတပ်ဖွဲ့ (BATUK) ရဲ့ တပ်ဖွဲ့ဝင်တွေဟာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မပေါက်ကွဲသေးတဲ့ လက်နက်ဆန်းတွေကြောင့် သေဆုံး/ဒဏ်ရာရမှုတွေ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေနဲ့ ကင်ညာဝန်ထမ်းတွေအပေါ် မတရားပြုကျင့်မှု စတဲ့ စွပ်စွဲချက်တွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post