Myanmar National Post

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးသီးနှံစိုက်ဧကများ ထိခိုက်မှုများအပေါ် လိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


မုံရွာ၊ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးသီးနှံစိုက်ဧကများ ထိခိုက်မှုများအပေါ် လိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်/မြို့နယ်များအတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးလျက်ရှိသည့် စပါး၊ ပဲစဉ်းငုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ခင်းများ ထိခိုက်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများ အချိန်မီပြန်လည်အစားထိုးစိုက်ပျိုးသွားရေး၊ စိုက်ပျိုးမြေများ ပြန်လည်သမန်းနိုးခြင်းများ ဆောင်ရွက်သွားရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့်မျိုးများ၊ လယ်ယာသုံးစက် မောင်းဆီများ၊ သွင်းအားစုဓါတ်မြဩဇာများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ဆက်စပ်ဌာများမှ ပူးပေါင်းဆောင်ရွက်ကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ဓါတ်မြေဩဇာများအား အသင့်စုဖွဲ့ထားရှိပြီး စက်သုံးဆီလိုအပ်ချက်အပေါ် ခွင့်ပြုပေးထားပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စိုက်ပျိုးထားရှိသည့် မိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် သီးနှံအထွက်နှုန်းလျော့နည်းမှုမရှိအောင် ဌာနဆိုင်ရာများ၊ ဒေသတောင်သူများမှ အလေးထားကာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးသီးနှံစိုက်ဧကများ ထိခိုက်မှုများအပေါ် ပြန်လည်ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးသီးနှံစိုက်ဧကများ ထိခိုက်မှုများအပေါ် လိုအပ်ချက်များ ပြန်လည် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဌာနများအလိုက် စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအေနများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post