Popular Myanmar

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အလုပ်ရှင်က ဂရု ဏာကြေးဘတ်(၁)သိန်းပေးအပ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင် ၁၅ ရက်က လုပ် ငန်းခွင်၌မတော်တဆမှုဖြစ်ပွားကာသေ ဆုံးခဲ့သည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ထိုသို့ သေဆုံးခဲ့ရခြင်းအတွက် ၎င်း၏ အလုပ်ရှင်ဖြစ်သူက ဝမ်းနည်းကြေကွဲရပြီး မိသားစုဝင်များအပေါ် စာ နာထောက်ထားသည်ဟုပြောကြားပြီး မိသားစုဝင်များ ၏ အခက်အခဲများကိုအထောက်အကူပြုနိုင်ရေးအ တွက် ကရုဏာကြေးအဖြစ် ဘတ်(၁)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂရုဏာကြေးကို ယနေ့ သြဂုတ် ၁၇ ရက်တွင် မြန်မာအလုပ်သမားသံအရာရှိရုံး၌ သေဆုံးသူ ဦးနေဇာကျော်၏ ဇနီးဖြစ်သူထံပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရလူမှုဖူလုံရေးအာမခံမှရသင့်ရထိုက်သည့် နစ်နာကြေးငွေများကိုလည်း မိသားစုဝင်ထံသို့ အပြည့်အဝထုတ်ယူပေးနိုင်ရေးအတွက် အလုပ် သမားသံအရာရှိရုံးကကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar