Popular Myanmar

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့ တို-က်ခိုက်ခံရ

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း Skai က ကြေညာသွားပါတယ်။

အဲဒီရုပ်သံလိုင်းက ထုတ်ပြန်လိုက်တဲ့ တို-က်ခိုက်မှုဗီဒီယိုထဲမှာဆိုရင် ဒရုန်းတစ်စင်းက ပင်လယ်ပြင်ပေါ်မှာ ကင်းထောက်ပျံသန်းနေပြီးနောက် ဂရိရေနံသင်္ဘောရဲ့ ကုန်းပတ်တံတားကို ဝင်တိုက်သွားတာ မြင်ရပါတယ်။ အတို-က်ခံရပြီးတာနဲ့ ချက်ချင်းပဲ မီးလေ-ာင်သွားတာပါ။ သင်္ဘောသားတွေ ထိခိုက်ဒ-ဏ်ရာရတာ ရှိ၊ မရှိကိုတော့ သေချာမသိရသေးဘူးလို့ ရုပ်သံလိုင်းက ဆိုပါတယ်။

အခုတို-က်ခိုက်မှုကို ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းနဲ့ လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။ သူတို့ဟာ မကြာသေးခင်ကလည်း အဲဒီရုရှားဆိပ်ကမ်းကနေ ရေနံတွေတင်လာတဲ့ တခြားသင်္ဘောတွေကို အခုလိုမျိုးပဲ တို-က်ခိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ Bloomberg ရဲ့ သတင်းတွေအရ ရုရှားရေနံတွေ တင်ဆောင်လာတဲ့ ဂရိရေနံသင်္ဘောတစ်စီး ပင်လယ်နက်ထဲမှာ တို-က်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရေနံစည်ပေါင်း တစ်သန်းလောက် သယ်ဆောင်နိုင်တဲ့ Suezmax အမျိုးအစား Skiros သင်္ဘောဟာ နိုဗိုရိုဆစ်စ်က ဆိပ်ကမ်းအနီးမှာရှိတဲ့ ကက်စပီယံပိုက်လိုင်းအဖွဲ့ (CPC) ဂိတ်ကနေ ရေနံတွေတင်အပြီးမှာ တို-က်ခိုက်ခံခဲ့ရတာလို့ ဒီကိစ္စကို သိနေတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တို-က်ခိုက်မှုဟာ တနင်္ဂနွေနေ့က အဲဒီဂိတ်အနီးမှာပဲ ဖြစ်ပွားခဲ့တာလို့လည်း သူတို့က ဆက်ပြောပါတယ်။

ကာဇက်စတန်ရေနံတင်ပို့မှုအတွက် အရေးအကြီးဆုံးလမ်းကြောင်းဖြစ်တဲ့ CPC ဂိတ်အနီးမှာ သုံးပတ်နီးပါးလောက် ငြိမ်သက်နေခဲ့ပြီးနောက် ဒါဟာ ပထမဆုံးအကြိမ် သင်္ဘောတစ်စီး တို-က်ခိုက်ခံရတာပါ။ ပြီးခဲ့တဲ့လကလည်း ဆက်တို-က်ဆိုသလို ဒရုန်းနဲ့တို-က်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၂ ရာခိုင်နှုန်းနီးပါးရှိတဲ့ CPC ရေနံတင်ဆောင်မှုလုပ်ငန်းစဉ်တွေ အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကာဇက်စတန်မှာ လုပ်ကိုင်နေတဲ့ ရေနံကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မှုကို လျှော့ချခဲ့ရတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

Skiros သင်္ဘောကို ပြေးဆွဲနေတဲ့ ဂရိကုမ္ပဏီဘက်ကတော့ ဒီဖြစ်စဉ်မှာ ဘယ်သူမှ ထိခိုက်ဒ-ဏ်ရာမရခဲ့သလို ရေနံယိုစိမ့်မှုလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။ သင်္ဘောပိုင်ရှင်တွေကတော့ ဒီဖြစ်စဉ်ကို သိထားပေမဲ့ နောက်ထပ် မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ကြပါတယ်။

မူရင်းသတင်း — Popular Myanmar