သြဂုတ် ၁၇ ရက်ကကျင်းပသည့် တ တိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအ ဝေး(သတ္တမနေ့)တွင် အစည်းအဝေး (ပဉ္စမနေ့)ကတင်သွင်းခဲ့သော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အဆိုကို စစ်ကိုင်းတိုင်းလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
” မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူ ငယ်များ၏ အနာဂတ်လုံခြုံရေးနှင့် လူမှုအသိုင်းအဝိုင်း၏ တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်သောအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးတိုက်တွန်းကြောင်း”အဆိုကို ယင်းမာပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်နိုင်ဝင်း ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးကထောက်ခံဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဦးက မှတ်တမ်းအဖြစ်ထားရှိပေးပါရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူကာ အဆိုကို အတည်ပြုသည်ဟုကြေညာခဲ့ကြောင်း သိရသည်။
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးကမေး မြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးများကပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။