Popular Myanmar

အဂတိလိုက်စားမှု အလွယ်တကူ ဖေ-ာက်ဖျ-က်ကျူးလွန်မိခြင်းများကို နိုင်ငံ့ဝန်ထမ်းများ အထူးသတိပြုရှောင်ကြဉ်ရန် တိုက်တွန်း

နေပြည်တော်၊ ဩဂုတ် ၁၈

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်း ကူးစက်ပျံ့နှံ့လွယ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အလွယ်တကူ ဖေ-ာက်ဖျ-က်ကျူးလွန်မိခြင်းများ မရှိစေရေး အထူးသတိပြုရှောင်ကြဉ်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက တိုက်တွန်းပြောကြားသည်။

အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု မြင့်မားလာပါက ဆင်းရဲနွမ်းပါးမှုလည်း ပိုမိုမြင့်မားလာနိုင်သဖြင့် ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းနှင့် ဥပဒေများကို လေးစားလိုက်နာကာ အဂတိလိုက်စားမှု ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန်အယူခံခုံအဖွဲ့၏ ဆောင်ပုဒ်မှာ “ယုံကြည်၊ မျှတ၊ မှန်ကန်အခွန်အယူခံ” ဖြစ်ကြောင်း၊ အခွန်အယူခံဝင်လိုသူများ၊ အခွန်ထမ်းများနှင့် ပြည်သူလူထုကို တို-က်ရို-က်ထိတွေ့ဝန်ဆောင်မှုပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အသေးစားအဂတိလိုက်စားမှုမှအစ ကင်းရှင်းစေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို မသမာသည့်နည်းလမ်းဖြင့် ခိုးယူနေခြင်းဖြစ်ပြီး ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဝန်ထမ်းများအကြား အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဆိုင်ရာ အသိပညာနှင့် ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar