Popular Myanmar

ပုဂ္ဂလိကစက်မှုလုပ်ငန်းသုံး စက်နှင့် စက်ကိရိယာများ တင်သွင်းခွင့် လျှောက်လွှာများ စတင်လက်ခံ

နေပြည်တော်၊ ဩဂုတ် ၁၈

ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် စက်အမျိုးအစားများနှင့် စက်ကိရိယာပစ္စည်းများ တင်သွင်းခွင့် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်လုပ်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရန် လိုအပ်သည့် စက်အမျိုးအစားများနှင့် စက်ကိရိယာပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်ရရှိရေးအတွက် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်မည်ဖြစ်သည်။

အဆိုပါ စက်နှင့် စက်ကိရိယာပစ္စည်းများ တင်သွင်းခွင့် လျှောက်လွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Popular Myanmar