Myanmar National Post

ပြင်သစ်ကနေ ဗြိတိန်ကို ကူးလာတဲ့ တရားမဝင်ရွှေ့ပြောင်းတွေကို ရဲတွေ စီးနင်း


ဩဂုတ် - ၂၂

ဒရုန်းရိုက်ချက် မှတ်တမ်းတစ်ခုအရ ပြင်သစ်ရဲတွေဟာ အင်္ဂလိပ်ရေလက်ကြားကို တရားမဝင် ဖြတ်ကူးဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေကို ကြားဖြတ်တားဆီးခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံကိုတော့ ဗြိတိန် နယ်ခြားစောင့်လုံခြုံရေး ကွပ်ကဲမှုအဖွဲ့ က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒုက္ခသည် အများအပြားဟာ အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ထားပြီး ပြင်သစ်ကနေ ဗြိတိန်ဘက်ကို ကူးဖို့အတွက် ရာဘာလှေတစ်စီးကို ရေထဲတွန်းပို့နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ကမ်းခြေထဲ ဝင်ရောက်တားဆီးခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်အချို့က ရဲတွေကို ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတွေဘက်က ငရုတ်ကောင်းစပရေး သုံးခဲ့ရသလို လှေကိုလည်း ဓားနဲ့ ထိုးခွဲခဲ့တယ်လို့ ITV သတင်းမှာ ဖော်ပြထားပါတယ်။

ဒီနှစ်အတွင်းမှာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးခဲ့တဲ့ ဒုက္ခသည် အရေအတွက်ဟာ ၁၅,၉၀၀ နီးပါး ရှိနေပြီး ဒါဟာ မနှစ်က ဒီလိုကာလနဲ့ ယှဉ်ရင် ၄၃ ရာခိုင်နှုန်းလောက် လျော့ကျသွားတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းကစလို့ ရာဇဝတ်ကောင်နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်သူ ၈၀,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်ကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

"ပြန်လည်စေလွှတ်မှုဟာ တဆယ်စုနှစ်တစ်ခုစာနီးပါးအတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့ပြီး၊ ပြည်နှင်ဒဏ်ပေးမှုတွေဟာလည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်" လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာန က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေနဲ့ နိုင်ငံခြားမျိုးရိုးဆင်းသက်လာသူတွေက ဗြိတိန်နိုင်ငံသားတွေအပေါ် အကြမ်းဖက် ပြစ်မှုတွေကြောင့် ဆူပူအုံကြွမှုတွေနဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေး အရေးဟာ အထိခိုက်မခံ အငြင်းပွားဖွယ်ရာ အဓိကပြဿနာတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်ရာထူးကို စတင်တာဝန်ယူခဲ့သူ အင်ဒီ ဘန်းဟမ်း က လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ဒုက္ခသည် ၇၅၂ ဦးဟာ လှေ ၉ စီးနဲ့ ဗြိတိန်နိုင်ငံဆီ ရောက်ရှိလာပြီးနောက်ပိုင်း အင်္ဂလိပ်ရေလက်ကြားကို လှေငယ်လေးတွေနဲ့ ဖြတ်ကူးမှုတွေကို တားဆီးဖို့ "မနားတမ်း/အပြင်းအထန်" ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း တစ်ရက်တည်းမှာ ဒုက္ခသည် အရေအတွက် အများဆုံး ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၃ ရက်နေ့တုန်းကလည်း ပြင်သစ်မြောက်ပိုင်း ဘာခ်ကမ်းခြေ ကနေ ဒုက္ခသည် ၁၅၀ နီးပါးဟာ လှေတစ်စီးတည်းနဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးခဲ့ကြပြီး၊ ဒါဟာ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ ရေယာဉ်တစ်စီးတည်းမှာ စီးနင်းသူ အရေအတွက် အများဆုံး ဖြစ်ခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post