





ထန်းတပင်၊ သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုအသင်း (YMBA)မှဦးဆောင်၍ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ YMBA အသင်းအသင်းသာများနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအပတ်စဥ် တနင်္ဂနွေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်(၂၃)ရက်နေ့က ( ၆၃ )ကြိမ်မြောက်အဖြစ် (အခမဲ့)ကုသပေးခြင်းကိုအဆိုပါကျေးရွာရှိ မဇ္စျိမပတ္တမြားရတနာမေတ္တာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင်လည်း မုဒိတာမေကျန်းမာရေးစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဇ္စျိမမေတ္တာကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏ ဆေးဝါးကျွမ်းကျင်သင်တန်းသားများနှင့် မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွင်းရေးမှုး၊ လူငယ်ရေးရာတာဝန်ခံ ဦးရန်လင်းအောင်နှင့် အလုပ်အမှုဆောင်တို့မှ ကျေးရွာနေပြည်သူစုစုပေါင်း ( ၃၉) ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက်ကုသကြသည့် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌ ဦးဇော်သိန်း အတွင်ရေးမှူး ဦးရန်လင်းအောင်၊ ရေးတွင်းကုန် ရပ်ကျေး ဥက္ကဋ္ဌ ဦးမြင့်ဌေး တို့မှ တာဝန်ရှိသူများထံသို့ အလှူငွေ ၂၅၀၀၀၀ ကျပ် လှူဒါန်းမှုအား လက်ခံထားရှိပြီး အားဆေးများကို ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
#News #Myanmar