
နေပြည်တော်၊ ဩဂုတ် ၂၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၂၀ ရက်နေ့ ၁၈၃၀ အချိန် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီးတွင် သန့်ဇင်ဦး(ခ)အငယ်ကောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၂၁ ရက်နေ့ ၁၀၀၅ အချိန် အဆိုပါစိတ်ကြွဆေးပြားများရောင်းချသူ ဇေယျာလင်း(ခ)စိုင်းလုံ အား ပြင်ဦးလွင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် သန့်ဇင်ဦး(ခ)အငယ်ကောင် နှင့် ဇေယျာလင်း(ခ)စိုင်းလုံ(၃၉)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #Myanmar