Eleven Media Group

■ မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်သမားတစ်ဦးအား ဓါးထောက်ပြီး ​ကျောက်စိမ်းများအား လုယူသွားသူများကို ဖမ်းဆီးရမိ

မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်သမားတစ်ဦးအား ဓါးထောက်ပြီး ​ကျောက်စိမ်းများအားလုယူသွားသူများကို ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၈၆လမ်းနှင့်၈ရလမ်း ကြား၊ ၃၉လမ်းနှင့် လမ်း၄‌ဝကြားရှိ မဟာအောင်မြေကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်းတွင် ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုထက်အောင်အား ဓါးဖြင့်ထောက်ပြီး " PDFနဲ့ပတ်သက်နေတယ်။ စစ်ဆေးစရာရှိတယ်" ဟုဆိုကာ အ​ပြင်သို့ခေါ်ထုတ်သွားမှု သြဂုတ်လ ၁၈ရက် နံနက် ၁ဝနာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုထက်အောင်အား ဘောလုံးကွင်းအဟောင်း ဖျက်သည့်နေရာသို့ခေါ်သွားပြီး ပါလာသည့် လွယ်အိတ်အတွင်းမှ ကျောက်စိမ်းအချော ထည် ၂ ပွင့် ၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး ၊ ချွမ်အမျိုးအစားလည်ဆွဲ ၁ ကုံး ၊ ချွမ်အမျိုးအစား လက် စွပ် ၂ကွင်း ၊ ကျောက်စိမ်းနားကပ်တစ်စုံစုစုပေါင်းကာ လတန်ဘိုး သိန်း ၅၀၀ ကျပ်ခန့် တန်ဘိုးရှိ ကျောက်စိမ်းလက်ဝတ်ရတနာများအား လုယူထွက်ပြေးသွားကြောင်း သိရသည်။

" ဖြစ်တဲ့နေ့ညမှာပဲ မန္တလေးမှာ ၂ယောက် ကိုအရင်မိတာ ။သူတို့က နောက်ကနေ စေခိုင်းတဲ့သူတွေပေါ့။ ကျူးလွန်ခဲ့တဲ့သူ၂ယောက်ကိုတော့ နောက်ရက် စစ်ကိုင်းဘက်မှာ ဆက်လက် ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ပစ္စည်းတွေလုခဲ့တဲ့ သူ့တပည့်တွေကို စစ်ကိုင်းဘက်ပြေးခိုင်းတာ။ ကျန်ခဲ့တဲ့ သူတွေက ကျောက်တွေကို မန္တလေးမှာ ပြန်လာရောင်း အဲလိုလုပ်ကြတာ" ဟု ကျောက်စိမ်းလုယူသူများအား ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ ရှင်းပြခဲ့သည်။

အဆိုပါ လုယက်မှုအား ကျူးလွန်သူများမှာ အသက်၂ဝအရွယ် လူငယ်၂ဦးနှင့် အသက်၃ဝခန့်၂ဦး စုစုပေါင်း၄ဦးဖြစ်ပြီး ၎င်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၂ဖြင့် အမှတ်( ၇ ) နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

#မန္တလေးမြို့ #လုယက်မှု #ကျောက်စိမ်း #elevennews

မူရင်းသတင်း — Eleven Media Group