Eleven Media Group

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးနေ

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ ဩဂုတ် ၂၄ ရက်နံနက်ပိုင်းတွင်လည်း ရေကြီးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဩဂုတ် ၂၄ ရက် နံနက် ၈ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ရေဝင်ရောက်နေသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၃ ရက် နံနက် ၉ နာရီခန့်ကလည်း အဆိုပါကျောင်းကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၃)ရပ်ကွက်တို့တွင် ရေဝင်ရောက်နေသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group