
အီရန်ကို နျူကလီးယားလက်နက် ထုတ်ခွင့်ပေးလိုက်မည်ဆိုပါက အီရန်သည် လော့အိန်းဂျလိစ်နှင့် ဆန်ဒီယေဂိုမြို့တို့ကို ဖျက်ဆီးပစ်နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါပြောကြားချက်ကို ကယ်လိုဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ကယ်လိုဖိုးနီးယား ခေါင်းဆောင်များက ဝေဖန်ခဲ့ကြပြီး ဂါဗင်နယူဆွင်က ထရန့်၏စကားသည် စိတ်ဖောက်ပြန် ၍ပြောသောစကား၊ အန္တရာယ်ကြီးမားသော စကားဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်များတွင် အကြမ်းဖက်မှု အကြံအစည်များ အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၅ ရက် နီဘရာစကာ နိုင်ငံရေးဆိုင်ရာ စည်းရုံးရေးပွဲတွင် ထရန့်၏အထက်ပါမှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်း၌ အစ္စရေးသို့ထွက်ခွာသော လေယာဉ်ပေါ်၌ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို တိုက်ခိုက်မှု၊ ယူကေ၌ အမေရိကန်လေတပ်ကအသုံးပြုနေသော လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံ ရမည့်အလားအလာတို့ လွန်ခဲ့သောသီတင်းပတ်များတွင် ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၅ ရက် စည်းရုံးရေးပွဲမတိုင်မီ ထရန့်က “လေတပ်အခြေစိုက်စခန်းကို အီရန်နဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုကြောင့် အဲဒီလေတပ်စခန်းမှာရှိတဲ့ ဗုံးကြဲလေယာဉ်တွေကို အခြားတစ်နေရာကို ရွှေ့ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၅ ရက်တွင် ပြောကြားသောမိန့်ခွန်း၌ ထရန့်က အီရန်စစ်ပွဲ၏ စီးပွားရေးဆိုင်ရာထိခိုက်မှုတို့ သက်သာစေရေးအတွက် ပြောကြားခဲ့ပြီး ကမ္ဘာဘေးကင်းစေရေး နှင့် မိမိတို့၏နိုင်ငံ ဘေးကင်းစေရေးတို့အတွက် တန်ဖိုးနည်းနည်းပေးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
စစ်ပွဲဆင်နွှဲရခြင်းကို ကာကွယ်ပြောဆိုရာ၌ ထရန့်က “အီရန်က နျူကလီးယားလက်နက်ကို ဖန်တီးမယ်ဆိုရင် သူတို့က အမေရိကန်မြို့တစ်မြို့ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကယ်လိဖိုးနီးယားမှာ ဒီမိုကရက်တွေ ဦးဆောင်နေတဲ့ မြို့တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်” ဟု ထရန့်က ပြောခဲ့သည်။
“သူတို့က လော့အိန်းဂျလိစ်ကို ဖျက်ဆီးပါစေ။ ဆန်ဒီယေဂိုကို ဖျက်ဆီးပါစေ” ဟု ထရန့်က ပြောကြားခဲ့ရာ လူအုပ်က သြဘာ ပေးခဲ့သည်။
လော့အိန်းဂျလစ်သည် အမေရိကန် ပြည်ထောင်စုတွင် ဒုတိယလူဦးရေအများဆုံး မြို့ဖြစ်သည်။ ဆန်ဒီယေဂိုမြို့သည် အမေရိ ကန်ပစိဖိတ်ရေတပ်၏ အဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး ဆန်ဒီယေဂို ရေတပ်အခြေစိုက်စခန်း အပါအဝင် အမေရိကန်စစ်ဘက်ဆောက်အအုံကြီးများ တည်ရှိရာမြို့ ဖြစ်သည်။
Ref:ABC