Myanmar National Post

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငါးသိုင်းချောင်းမြို့ ရေဘေးသင့်ပြည်သူများအား သောက်သုံး ရေရရှိနိုင်ရန်အတွက် ရေသန့်စက်တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး



ငါးသိုင်းချောင်း၊ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယမာန်နေ့မွန်းလွဲပိုင်းက ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စံကျောင်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး စံကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက်စံကျောင်းဘုန်းကြီးကျောင်းအတွင်း TSBM လူမှုကူညီရေးအဖွဲ့(ရန်ကုန်)မှ ရေဘေးသင့်ပြည်သူများအား သောက်သုံးရေရရှိနိုင်ရန်အတွက် ရေသန့်စက် တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post