Myanmar National Post

သန်လျင်မြို့နယ်တွင် ဗလီဝန်းအတွင်း တရားမဝင် အ‌ဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ငွေကြေးပေးဆောင်ခဲ့မှု မရှိကြောင်း၊ အဆောက်အဦများအား ၎င်းတို့သဘောဆန္ဒအတိုင်း ၎င်းတို့ကိုယ်တိုင်ပြန်လည်ဖျက်ဆီးရာ ၉၀ % ဖျက်ဆီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ ပြန်လည်ဖြေကြား






နေပြည်တော်၊ သြဂုတ် ၂၄

သန်လျင်မြို့နယ်တွင် ဗလီဝန်းအတွင်း တရားမဝင် အ‌ဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများအား ငွေကြေးလာဘ်လာဘများ ပေးထားကြောင်း online တွင်ပြန့်နေမူနှင့်ပတ်သတ်၍ မှန်ကန်မှုရှိ/ မရှိအား မြေပြင်စစ်ဆေးချက်များအရ - သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများအား ငွေကြေးပေးဆောင်ခဲ့မှု မရှိကြောင်း မြန်မာနေရှင်နယ်ပို့စ်၏ မေးမြန်းချက်နှင့် ပတ်သက်၍ ပြန်လည်ဖြေကြားထားသည်။

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့က မြန်မာနေရှင်နယ်ပို့စ်မှ မေးမြန်းခဲ့သည်မှာ -

ရန်ကုန်မြို့၊ သံလျင်မြို့နယ်မှာ ဒေသခံပြည်သူများရဲ့ ဆက်သွယ် သတင်းပေးပို့ချက်အရ ဗလီဝန်းအတွင်း တရားမဝင် အဆောက်အဦးများ ဆောက်လုပ်နေမှုကို ဆရာတော်သံဃာတော်များက သွားရောက် မေးမြန်း ဖော်ထုတ်ချက်များအရ သိခဲ့ရပါတယ်။ အဆောက်အဦ ဆောက်လုပ်နေသူများကိုယ်တိုင်က ထွေအုပ်၊ စည်ပင်ကို ငွေပေးထားတယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းများလည်း တွေ့ရှိရပါတယ်။ 

အထက်ဖော်ပြပါ ဖြစ်စဉ်မှ တရားမဝင် ဆောက်လုပ်မှုပြုလုပ်သူများ၊ ဥပဒေမဲ့ လုပ်ရပ်များကို လာဘ်ငွေရယူပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိဘဲ မျက်ကွယ်ပြုပေးထားသည့် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများကို မည်သို့ အရေးယူရန် ရှိပါသလဲ။ 

ဆရာတော် သံဃာတော်များအနေနဲ့က ယခုလို ဘာသာခြားများ၏ နေရာကို သွားရောက်ခြင်းဟာ အကြောင်းမဲ့ သွားရောက်ခြင်း မဟုတ်ဘဲ ဥပဒေနဲ့မညီသော လုပ်ရပ်များ လုပ်ဆောင်နေမှုကို သိရှိထားတဲ့အတွက် သွားရောက် မေးမြန်းဖော်ထုတ်ခဲ့ခြင်းကြောင့် အခြေအနေမှန်ကို အများပြည်သူ သိရခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တရားမဝင် အဆောက်အဦ ဆောက်လုပ်နေသူများ၊ အဂတိလိုက်စားသူများကို မည်သို့ ဆောင်ရွက်ရန်ရှိပါသလဲ။ ဖြေကြားပေးစေလိုပါတယ် ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဖြေကြားရာတွင် -

- သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများအား ငွေကြေးပေးဆောင်ခဲ့မှု မရှိကြောင်း၊

- စည်ပင်အဖွဲ့မှ တရားမဝင်အဆောက်အဦများဆောက်လုပ်နေမူနှင့် ပတ်သတ်၍ ၁၀.၄.၂၀၂၆(ပအကြိမ်)၊ ၂၀.၄.၂၀၂၆ (ဒုအကြိမ်)၊ ၂၇.၄.၂၀၂၆(တအကြိမ်)၊ ၁၅.၅.၂၀၂၆ (စတုတ္ထအကြိမ်) ၊စုစုပေါင်း(၄)ကြိမ် တားမြစ်အကြောင်းကြားစာများ ပို့ထားသော်လည်း အဆောက်အဦအား ဆက်လက် ဆောက်လုပ်နေသဖြင့် စည်ပင်အဖွဲ့မှအဆောက်အဦ ဆောက်လုပ်သူအား သန်လျင်တရားရုံးတွင်တရားစွဲဆိုခဲ့သဖြင့် ၈.၆.၂၀၂၆ ရက်နေ့တွင်သန်လျင်တရားရုံးမှ ဒဏ်ငွေ ၁ သိန်းပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊ ထို့နောက် ၁၈.၈.၂၀၂၆ ရက်နေ့တွင် ထပ်မံ၍ ဒဏ်ငွေ ၇၁၀၀၀၀ သိန်းပေးဆောင်ရန်အမိန့်ချမှတ်ခဲ့ပါကြောင်း၊ မြေပြင်တွင်အဆောက်အဦများအား ၎င်းတို့သဘောဆန္ဒအတိုင်း ၎င်းတို့ကိုယ်တိုင်ပြန်လည်ဖျက်ဆီးရာ ၉၀ % ဖျက်ဆီးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post