Myanmar National Post

မြစ်သားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ချည်မျှင်ရှည်ဝါ Grade ခွဲခြားကောက်ယူရေး၊ ရောင်းချဝယ်ယူရေး တောင်သူလုပ်ငန်းရှင်များနှင့် ဆက်စပ်ဌာနများတွေ့ဆုံပွဲ အခမ်းအနားကျင်းပ







မြစ်သား၊ ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါစိုက်တောင်သူများ အရည်အသွေးကောင်းမွန်သော ချည်မျှင်ရှည်ဝါများကို စနစ်တကျ Grade ခွဲခြားထုတ်လုပ်နိုင်ပြီး မိသားစုဝင်ငွေပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ချည်မျှင်ရှည်ဝါ Grade ခွဲခြားကောက်ယူရေး၊ ရောင်းချဝယ်ယူရေး တောင်သူလုပ်ငန်းရှင်များနှင့် ဆက်စပ်ဌာနများ တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ် ၂၄ ရက် နံနက် ၈ နာရီခွဲက ကူမဲမြို့ အောင်ကမ္ဘာဆန်စက်၊ ဝါစက်ဝန်းအတွင်းရှိ ရှင်းလင်းဆောင်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစံအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်က ချည်မျှင်ရှည်ဝါ Grade ခွဲခြားကောက်ယူ ရောင်းဝယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီခေတ္တဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ချည်မျှင်ရှည်ဝါသီးနှံများအားထည့်စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး လွန်ကျော် ခြံတာဝန်ခံ Dr.အေးအေးမြတ်မှ ချည်မျှင်ရှည်ဝါ Grade ခွဲခြားကောက်ယူနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး    ဦးစံအောင်နှင့် တာဝန်ရှိသူများက  ဝါစိုက်တောင်သူများကို မျိုးစေ့များ၊ မြေသြဇာများနှင့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ဝါစိုက်တောင်သူများက ချည်မျှင် ရှည်ဝါ Grade ခွဲခြားကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစံအောင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ခေတ္တဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊  လွန်ကျော်ခြံတာဝန်ခံ Dr.အေးအေးမြတ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ ဆက်စပ်ဌာနများမှ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝါလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဝါဝါမြင့်(မြစ်သား)

#Myanmar #News


မူရင်းသတင်း — Myanmar National Post