Eleven Media Group

■ သာကေတမြို့နယ် ရပ်ကွက်အချို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်ပြီး ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်

သာကေတမြို့နယ် ရပ်ကွက်အချို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကလိုရင်းဆေးခတ်ခြင်း နှင့် ရေသန့်ဆေးပြားများ ပေးဝေခြင်းများ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သာကေတမြို့နယ် ရပ်ကွက်အချို့ရှိ နေအိမ်များကို ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများ ပေးဝေခြင်းများအပြင် ရေအရည်အသွေးစစ် စက်ကိရိ ယာများဖြင့်လည်း ရေများကို စစ်ဆေးခဲ့ကြောင့် သာကေတမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဲ" ဒီနေ့ ကျွန်မတို့ သာကေတမြို့နယ်အတွင်းမှာ ရှိနေတဲ့ ရပ်ကွက်တွေပေါ့နော်။ ရပ်ကွက်တွေ မနေ့ကဆိုရင် ၄ ရပ်ကွက်၊ ဒီနေ့ကတော့ ၃ ရပ်ကွက်ပေါ့။ အဲ့ဒီမှာ ကျွန်မတို့ သန်လျင်က ပြည်သူ့ကျန်းမာ ရေး Rapid Response Team ရယ်၊နောက်ပြီးတော့ ကုသရေး Rapid Response Team ရယ် ပူးပေါင်မှုနဲ့ ကျွန်မတို့ ဌာနဆိုင်ရာတွေ ပရဟိတအဖွဲ့အစည်းတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းမှု‌တွေနဲ့ ကျွန်မတို့ ရပ်ကွက်တွေထဲမှာ ဆင်းတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး‌တော့ အိမ်တွေမှာ ကလိုရင်း ဆေးခတ်တာတွေ လုပ်တယ်။ နောက်ပြီးတော့ ရေထဲမှာ ကလိုရင်း အကြွင်းပေါ့နော်၊ Residual Chlorine ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်တယ်။ ပြီးတော့ ကျွန်မတို့ ရေသန့်ဆေးပြားတွေ ပေးတယ်။ ပြည်သူလူထုကို ဝမ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်အောင် ကျွန်မတို့ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်"ဟု သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်ခိုင်ဝင်း က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group