Eleven Media Group

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဘီးလင်းမြစ်ရေ ပြန်လည်မြင့်တက်လာပြီး ဘီးလင်းမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုရှိလာသည့်အတွက် အရေးပါ်ပြောင်းရွှေ့ပေးခဲ့ရ

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဘီးလင်းမြစ်ရေ ပြန်လည်မြင့်တက်လာပြီး ဘီးလင်းမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုရှိလာသည့်အတွက် အရေးပါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သတင်းရရှိသည်။

ဩဂုတ်လ (၂၆) ရက် ည (၆) နာရီခွဲအချိန်ခန့်တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝင်းများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုးက လေးငါးရက်ဆက်ရွာနေတော့ ဘီးလင်းမြစ်ရေက ပြန်တက်လာတာပါ။ ဒီတစ်မြစ်ရေတက်တာက မြန်တယ်။ ကမ်းနားပိုင်းကလူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်” ဟု ပြောကြားသည်။

ဘီးလင်းမြစ်ရေလျှံမှုကြောင့် ကန်သာယာရပ်ကွက်နေပြည်သူများအား ဘီးလင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြို့ခံပြည်သူများပူးပေါင်းကာ အား/ကာခန်းမသို့ ခေတ္တယာယီ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

Photo Credit - MFSD

မူရင်းသတင်း — Eleven Media Group